မောင်ဆုရှင် - ပင်လယ်ပြာနဲ့ တံငါအို
Rodiobook - En podcast av Rodney Sann Lwin

Kategorier:
မောင်ဆုရှင် ဘာသာပြန်ဆိုခဲ့သည့် ဟဲမင်းဝေး၏ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် "ပင်လယ်ပြာနဲ့တံငါအို" ဝတ္ထုကို Audio Book အဖြစ် အသံထွက်ဖတ်ပြခြင်း ဖြစ်ပါသည်။ မောင်ဆုရှင် ဘာသာပြန်ဆိုသော "ပင်လယ်ပြာနဲ့ တံငါအို" ဝတ္ထုသည် ၁၉၆၈ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန် ပထမဆု) ကို ရရှိခဲ့သည်။ ဟဲမင်းဝေး ရေးသားသော "ပင်လယ်ပြာနဲ့ တံငါအို " ဝတ္ထုသည် ၁၉၅၄ ခုနှစ်တွင် အမေရိကန် စာပေလောကတွင် အထင်ရှားဆုံးဖြစ်သော ပူလစ်ဇာစာပေဆုကို ရရှိခဲ့သည်၊ ၁၉၅၅ ခုနှစ်တွင်လည်း ဟဲမင်းဝေးသည် ယင်းဝတ္ထုကို အကြောင်းပြုပြီး စာပေဆိုင်ရာ နိုဗယ်လ်ဆုကြီး ချီးမြှင့်ခံရပြန်သည်. ၁၉၅၈ ခုနှစ်တွင် ယင်းဝတ္ထုကိုဟောလိ၀ုဒ်မှ ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ဟဲမင်းဝေးသည် အသက်၆၃နှစ်အရွယ် ၁၉၆၁ ခုနှစ် ဇူလိုင် ၂ ရက်တွင် မိမိကိုယ်မိမိ အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့လေသည်။