ယူကရိန်းကို လက်နက်တွေ ပိုထောက်ပံ့ပေးကြဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားလိုက်

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - En podcast av BBC Burmese Radio

Podcast artwork

မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဗဟန်းမြို့နယ်က နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရ၊ ပခုက္ကူ၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ် ဆုံတဲ့ နေရာမှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် ပေါက်မြို့နယ် ကျွန်းရင်းရွာ ဒေသခံ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေပြော၊ ပြည်တွင်း ခရီးသွားလာရင် မှတ်ပုံတင် မူရင်းပြ သွားလာရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကြောင့် ခရီးသွားလာသူတွေ၊ ကုန်ပို့ဆောင်မှုတွေမှာ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရ၊ ယူကရိန်းကို လက်နက်တွေ ပိုထောက်ပံ့ပေးဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားလိုက်၊ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက မြို့ကြီးမြို့ငယ်တွေကို ရုရှားတပ်ဖွဲ့ဝင်တွေက မနေ့က တစ်ညလုံး အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့၊ သံတမန်လုပ်ရပ်နဲ့ မညီ ပြုမူခဲ့တယ် ဆိုပြီး ရုရှား သံတမန်တွေကို သြစတြီးယားအစိုးရက နိုင်ငံထဲကနေ နှင်ထုတ်

Visit the podcast's native language site