ဗာဂနာကြေးစားတပ်ဖွဲ့ အကြီးအကဲနဲ့ သူ့လက်ထောက် လိုက်ပါ သေဆုံးသွားခဲ့တယ်လို့ ယူဆရတဲ့ လေယာဉ်ပျက်ကျမှုကိစ္စ ရုရှား မတုံ့ပြန်သေး

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - En podcast av BBC Burmese Radio

Podcast artwork

ဗာဂနာ ရုရှားကြေးစားတပ်ဖွဲ့ အကြီးအကဲနဲ့ သူ့လက်ထောက်တို့ လိုက်ပါ သေဆုံးသွားခဲ့တယ်လို့ ယူဆရတဲ့ လေယာဉ်ပျက်ကျမှုကိစ္စ ရုရှားဘက်က တစ်စုံတရာ မတုံ့ပြန်သေး၊ စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးနေတဲ့ ပုဂ္ဂိုလ်နှစ်ဦးနဲ့ သူတို့ပိုင် ကုမ္ပဏီသုံးခုကို အမေရိကန် ထပ်မံပိတ်ဆို့၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းညှိလိုတဲ့အတွက် စစ်ကောင်စီ ဗဟိုဘဏ်က အတိုးနှုန်း ပြင်ဆင်မှုကို လိုအပ်သလို လုပ်ဆောင် သွားမယ်လို့ဆို၊ ဂွမြို့နယ်အနီး ပင်လယ်ပြင်ထဲ တရုတ်အာကာသယာဉ် အစိတ်အပိုင်း တစ်ခု ထပ်ကျခဲ့တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ် ထိတ်လန့်၊ ဖူကူရှီးမား နျူကလီးယားစက်ရုံက ညစ်ညမ်းရေတွေ သမုဒ္ဒရာထဲ စွန့်ပစ်ခဲ့အပြီး ဂျပန်ထုတ် ပင်လယ်စာတွေအားလုံး တရုတ်ပိတ်ပင်လိုက်၊ ကမ္ဘောဒီးယားကို ၂၀၅၀ ခုနှစ်မတိုင်ခင် ဝင်ငွေမြင့်မားတဲ့ နိုင်ငံတစ်ခု ဖြစ်လာအောင် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်သစ် ကတိပြု

Visit the podcast's native language site